fanpage ကို ဆက်သွယ်ပြီး မိမိဖြစ်ကြောင်း အထောက်အထားများနှင့်တကွ မေးမြန်းပေးပါက အီးမေးလ်စစ်ဆေးပေးခြင်း ( သို့ )
အီးမေးလိပ်စာ ပြောင်းလဲပေးခြင်းများ ပြုလုပ်ပေးနိုင်ပါသည်။

မင်းပလေး လော့အင်အကောင့် သည် FB သို့ Google အကောင့်အား ချိတ်ဆက်၍ ဖြစ်စေ၊ (သို့) မင်းပလေးအဖွဲ့ဝင်အဖြစ် မင်းပလေး ID နဲ့ လှို့ဝှက်နံပါတ် password အား ဖန်တီးထားသောသူများဖြစ်စေသာ အသုံးပြုနိုင်ပါသည်။

(၁) မင်းပလေး ID အားမေ့ပျောက်သွားပါက အောက်ဖော်ပြပါ 1:1 မေးမြန်းစုံစမ်းရန် ခလုတ်အား နှိပ်ပြီးနောက် Nickname အားပြောပြပေးပါက ပြန်လည်ရယူလို့ရမှာဖြစ်ပါသည်။
(၂) လှို့ဝှက်နံပါတ် password ပျောက်ဆုံးသွားပါက လော့အင်စာမျက်နှာမှ ""လှို့ဝှက်နံပါတ် ပြန်ရှာရန်"" အား အသုံးပြုပြီးနောက် အကောင့်ဖွင့်စဥ် အသုံးပြုခဲ့သော အီးမေးလ်အား လှို့ဝှက်နံပါတ်အား ပို့ပေးမည်ဖြစ်ပါသည်။
အကယ်၍ အီးမေးလ်မရောက်ရှိခဲ့သော သက်ဆိုင်ရာ ဝန်ထမ်းများထံသို့ ID အား လာရောက်ပြောပြပေးပါ အမြန်ဆုံးအဆင်ပြေအောင် ကူညီပေးမည်ဖြစ်သည်။

( ၁ ) Clan ဖွဲ့မည်အား နှိပ်၍ အသုံးပြုခွင့်အား ဝယ်ယူကာ Clan ထောင်ပြီးနောက်တွင် အလိုလျှောက် Master အဖြစ်ရောက်ရှိမည် ဖြစ်သည်။ (Silver အဆင့် Lv.30 မှစတင်အသုံးပြုနိုင်မည် ဖြစ်သည်။)
( ၂ ) မိမိ၏ Clan သက်တမ်းကုန်ဆုံးပြီးနောက် ထပ်မံ၍ သက်တမ်းတိုးယူခြင်း မရှိပါက မိမိ၏ Clan နှင့်တကွ Master ၏ အကျိုးခံစားချက်များလဲ ဆုံးရှုံးသွားမည် ဖြစ်သည်။
( ၃ ) မိမိမှ တပါး အခြားသော အသင်းဝင်အဖွဲ့သားများအား Master ရာထူးအား ပြောင်းလွှဲနိုင်ခြင်း မရှိပါ။

- Master သည် Clan တွင်ပါဝင်ခြင်း မရှိသေးသောသူများအား ဖိတ်ခေါ်နိုင်ပြီး အသင်းဝင် ဦးရေ များရင်များသလောက် နှင့် ဂိမ်းများများဆော့ရင် ဆော့သလောက် Master သည် ပိုမိုများပြားသော ဆုလာဘ်များကိုရရှိနိုင်မည် ဖြစ်သည်။

( ၁ ) Clan အသင်းဝင်နှင့် Master သည် နေ့စဉ် ဂိမ်းကစားခြင်းဖြင့် ကစားသလောက် ဆုလာ်ဘ် Point များရရှိနိုင်မည်။
( ၂ ) Master သည် အသင်းဝင်များ၏ ဂိမ်းအတွင်းလှုပ်ရှားမှူ အပေါ် မူတည်၍ ထပ်ဆောင်း ဆုလာ်ဘ်များလဲ ရရှိနိုင်မည် ဖြစ်သည်။
( ၃ ) အသင်းသားများ စုပေါင်း၍ ဂိမ်းကစားခြင်းဖြင့် Clan အား အဆင့်မြှင့်တင်ကာ ပိုမို မြင့်မားသော Point ရမှတ်ဘဲ ရရှိနိုင်မည်။

- Point များသည် နေ့စဉ် နံနက် ၁၀နာရီ တွင် မိမိ၏ လက်ဆောင်ပုံးအတွင်းသို့ ပို့ပေးမည်ဖြစ်သည်။
- လက်ဆောင်ပုံးအတွင်း ၃ရက် တိတိ ထိန်းသိမ်းနိုင်ပြီး သက်တမ်းမကုန်ခင် အမြန်ဆုံး ရယူပေးပါရန်။

( ၁ ) လူကြီးမင်း၏ Clan လျှောက်ထားခြင်းအား Master မှမြင်၍ လက်ခံခြင်း ပြုလုပ်ပေးပြီးမှသာလျှင် Clan တခုသို့ ဝင်ခြင်းအောင်မြင်မည်ဖြစ်သည်။ Master ထံသို့မေးမြန်းပေးပါ။
( ၂ ) မိမိသည် နဂို Clan တခုတွင် ပါဝင်လျက်ရှိနေပါက Clan အသစ်သို့ ဝင်ရောက်၍ မရနိုင်ပါ။ မိမိ လက်ရှိ Clan မှထွက်ခွါပြီး ထပ်မံ လျှောက်ထားပေးပါရန်။
( ၃ ) မိမိ ဆန္ဒအလျှောက် Clan မှထွက်ခွါပါက ၄၈ နာရီ အကြာမှသာ Clan အသစ်အား ဝင်ရန်လျှောက်ထားနိုင်မည်။
( ၄ ) Clan Master ၏ လျှောက်ထားခြင်း စာရင်းများပြည့်နေပါကလဲ ထို Clan သို့လျှောက်ထား၍ မရပါ။ Master ထံသို့ မေးမြန်းပေးပါ။
( ၅ ) Clan Master သတ်မှတ်ထားတဲ့ အဆင့် Lv. ထက်နိမ်နေပါကလဲ Clan အတွင်းသို့ မဝင်နိုင်ပါ။ မိမိ Lv. အားစစ်ဆေးပေးပါ။

( ၁ ) wifi အား အသုံးပြုသူများ အနေဖြင့် FB လော့အင် ပြုလုပ်သည့် အချိန်မှသာလျှင် VPN ဖွင့်၍ လော့ဂ်အင် ပြုလုပ်ပြီးပါက VPN အား ပိတ်၍ ကစားပေးပါရန်။
( Guest, Google လော့အင်ဖြင့်ဝင်ရောက်သူများအနေဖြင့် VPNမဖွင့်ဘဲကစားနိုင်ပါသည်။ )

( ၂ ) အခြေအနေ အမျိုးမျိုးကြောင့် VPN အသုံးပြု၍ ကစားသူများအနေဖြင့် VPN လိပ်စာနိုင်ငံအား နီးစပ်ရာ အရှေ့တောင်အာရှနိုင်ငံများ ဖြင့်ချိတ်ဆက်ပေးပါက
ပိုမို လျင်မြန်စွာ ကစားနိုင်မည် ဖြစ်ပါသည်။

( ၁ ) FB ပတ်စဝက် မေ့သွားပါက
-FB ဆားဗစ်စင်တာသို့ ဆက်သွယ်၍ ပက်စဝက် အသစ်ပြောင်းလဲနိုင်ပါသည်။

( ၂ ) FB APP တွင် လော့အင် ဝင်မရပါက
- အကောင့် မှားယွင်းနေခြင်း သို့ နိုင်ငံတော်မှ FB အားတားမြစ်ထားခြင်း ကြောင့်ဖြစ်နိုင်ပါသည်။

( ၃ ) FB APP တွင် လော့အင် ဝင်ရောက်၍ ရသော်လည်း ဂိမ်းအတွင်း ဝင်ရောက်မရပါက
-FB APP အား ဖျက်၍ အသစ်ပြန်လည် ဒေါင်းလုပ်ဆွဲပြီးနောက် မင်းပလေး အားဝင်ရောက်ပေးပါ။

အလားတူ လုပ်ဆောင်ပြီးသည့် တိုင်အောင် အဆင်မပြေမှုများ ရှိပါက nickname နှင့်တကွ အက်ဒမင်အဖွဲ့ထံသို့ မေးမြန်းပေးပါရန်။

( ၁ ) Google အကောင့် ပက်စဝက်မေ့သွားပါက
- Google စာမျက်နှာ (https://accounts.google.com/signin/recovery) တွင်ပြန်လည်ရယူနိုင်ပါသည်။

အလားတူ လုပ်ဆောင်ပြီးသည့် တိုင်အောင် အဆင်မပြေမှုများ ရှိပါက nickname နှင့်တကွ အက်ဒမင်အဖွဲ့ထံသို့ မေးမြန်းပေးပါရန်

ဂိမ်းမိန်းစခရင်မ်ထဲဝင်သို့ ဝင်ရောက်ပါက မိမိ၏ nickname ညာဘက်တွင်ရှိသောအနီရောင်ခြင်းတောင်း “ စတိုး “ ကိုနှိပ်၍ ငွေပေးချေမှုပြုလုပ်နိုင်ပါသည်။

- Google နှင့် ဆိုင်သော ငွေချေမှုများသည် Playstore မှ ‌‌ဒေါင်းယူထားသော အက်ဖ်တွင်သာ ပြုလုပ်နိုင်မည် ဖြစ်သည်။ တခြားသော နေရာမှ ‌ဒေါင်းယူ
ထားပါက Playstore တွင် MingPlay အား ပြန်လည် ဒေါင်းယူပေးပါရန်။

နက်၀ေါ့ကွန်ယက် အဆင်မပြေမှုများရှိပါက အက်ပ် ကို ပိတ်ပြီးနောက် နောက်တကြိမ်ထပ်မံ၍ 'စတိုး' သို့ ၀င်ရောက်စစ်ဆေးပေးပါက Gold များဝင်ရောက်နိုင်ပါသည်။ ဝင်ရောက်လာခြင်းမရှိပါက nickname နှင့်တကွ ငွေပေးချေမှု ပြေစာအား sreenshot ရိုက်၍ FB မှ တဆင့် တိုက်ရိုက်ပေးပို့ပေးပါရန်။

ငွေပေးချေမှု ပြုလုပ်သော မိမိ၏ gmail သို့ ငွေပေးချေမှု ပြေစာ ရောက်ရှိမည်ဖြစ်ပါသဖြင့် email အား စစ်ဆေးပေးပါရန်။

အောက်ပါ အချက်များမှ တချက်ကြောင့် ဖြစ်နိုင်ပါသည်

( ၁ ) google အကောင့် နာမည်နှင့် ဘဏ်ကတ်အမည် မတူညီခြင်းသော်လည်းကောင်း၊
( ဖြေရှင်းနည်း - google အကောင့် အသစ်ဖွင့်၍ တူညီသော နာမည်ဖြင့် ဘဏ်ကတ်အား ထည့်ပေးခြင်း ပြုလုပ်ပေးပါ။ )

( ၂ ) တူညီသောအချိန်အတွင်း တူညီသောငွေပမာဏအား ခဏခဏ ငွေပေးချေမှု ပြုလုပ်သည်အခါတွင် လည်းကောင်း၊
( ဖြေရှင်းနည်း - google ဆားဗစ် စင်တာသို့တိုက်ရိုက် ဆက်သွယ်၍ဖြစ်စေ၊ ပြစ်ဒဏ် သတ်မှတ်ထားသော အချိန်
ကျော်လွန်သောအခါတွင် ဖြစ်စေ ပြန်လည်အသုံးပြုနိုင်မည်ဖြစ်သည်။ )

( ၃ ) Google Play အကောင့် နှင့် လော့ဂ်အင် အကောင့် တူညီခြင်း မရှိသော အခါတွင်လည်းကောင်း ဖြစ်ပွါးနိုင်ပါသည်။
( ဖြေရှင်းနည်း - အောက်ပါအချက်အတိုင်း ပြုလုပ်ပေးရပါမည်။
၁) မိမိရဲ့ ဖုန်း Setting > Manage apps > Google Play services > Clear Data usage
၂) မိမိရဲ့ ဖုန်း Setting > Manage apps > Google Play Store > Clear Data usage
၃) Google Play ထဲသို့ ပြန်လည်ဝင်ရောက်၍ Google Play ဖြင့် ငွေပေးချေမှု ပြန်လည် ပြုလုပ်ပေးပါ။ )

ဂိမ်း main တွင်ရှိသော Event ခလုတ်ကို နှိပ်၍ ကြည့်ရှု့လေ့လာနိုင်ပါသည်။
ထို့အပြင် Facebook.com/mingplayfan ဖန်ပေ့ချ်တွင်လည်း ကြည့်ရှူနိုင်ပါပြီ။

လက်ဆောင်ပုံးထဲတွင် Gold ရှိနေသော အခါတွင် ဖြစ်စေ၊ မီးခံသေတ္တာတွင် စုဆောင်းထားသော Gold ရှိနေသော အခါတွင်ဖြစ်စေ ‘အခမဲ့Gold’ ခလုတ်အား အသုံးမပြုနိုင်ပါ။

မိမိ အသုံးပြုနေေသာ အင်တာနက် wifi နက်ဝေ့ခ် ကြောင့်ဖြစ်နိုင်ပါသဖြင့် wifi သို့မဟုတ် မိမိအသုံးပြုနေသော cellular data လိုင်းများအား
စစ်ဆေးပေးပါရန်၊ ထိုကဲ့သို့ ဆက်တိုက် အကြိမ်ကြိမ် ဖြစ်ပွားနေပါက ၁) nickname ၂) ဆာဗာ ပြတ်တောက်သွားသောအချိန်အတိအကျ
၃) screenshot တို့ဖြင့် FB ပေ့ချ်သို့ ဆက်သွယ်ပေးပါ။

‘ပက်စ်ဝက်ပြန်ရှာခြင်း’ နှိပ်ပြီး အီးမေးလ်လိပ်စာ ရိုက်ထည့်ပါက ပက်စ်ဝက်အသစ်အား ပြန်လည်ပို့ပေးမည် ဖြစ်သည်။
အီးမေးလ်လိပ်စာ ထည့်သွင်းထားခြင်းမရှိပါက ‘ပက်စ်ဝက်’ ပြန်လည်ရှာလို့မရနိုင်ပါ။ ထို့ကြောင့် အီးမေးလ်လိပ်စာအား ထည့်ပေးထားပါရန်။

အီးမေးလ်ရဲ့ Spam မေးလ် ထဲသို့ရောက်ရှိတတ်ပါသည်။ Spam အီးမေးလ်ထဲ သို့ တချက်လောက် ဝင်ရောက်စစ်ဆေးပေးပါ။

Clean MingPlay ရဲ့စည်းမျဥ်းအရ ရိုင်းစိုင်းစွာပြုမှုသော ယူဆာများအား ထိရောက်စွာ Block ခြင်းဖြင့် အရေးယူပေးပါမည်။
စာတို သို့ ချက်တင် အကြောင်းအရာများအား စခရင်မ်ရှော့ ပုံရိုက်ယူ၍ အက်ဒမင်အဖွဲ့သို့ ပေးပို့ပေးပါက လျင်မြန်စွာ အရေးယူပေးပါမည်။

Block ခြင်း ဖြင့် အရေးယူခြင်းခံရပါက ထို့ယူဆာသည် ရာသက်ပန် စာတိုပေးပို့ခြင်း ပြုလုပ်နိုင်မည် မဟုတ်ပါ။ မည်သည့်အချိန်တွင်မဆို အကောင့်
ဖျက်သိမ်းခြင်း ပြုလုပ်နိုင်ပါသည်။

Guest အနေဖြင့်ကစားထားသော အကောင့်အားသိမ်းထားလို့မရနိုင်ပါ၊ အကောင့်သိမ်းထားခြင်း ပြုလုပ်လိုပါက FB အကောင့်ဖြင့် ချိတ်ဆက်၍ ကစားပေးပါရန်။

အောက်ပါ အကြောင်းအရင်းများကြောင့် ဘလော့ခ် ဖြစ်သွားနိုင်ပါသည်။

( ၁ ) ရိုင်းစိုင်းသောအပြုအမူကြောင့်တိုင်ကြားခံရခြင်း၊
( ၂ ) Hacking သို့ ပုံမှန်မဟုတ်သော ဂိမ်းကစားခြင်း၊
( ၃ ) GM (သို့) အခြားသော ပလေယာများ၏ နာမည်များကို တုပ၍ ကစားခြင်း၊

* အထက်ဖော်ပြပါ အချက်အလက်များကြောင့် မဟုတ်ဘဲ ဘလော့ခ် ခံရပါက FB မက်ဆင်ဂျာတွင် တိုက်ရိုက်မေးမြန်း စုံစမ်းနိုင်ပါသည်။